Bird and Nature Tours Myanmar

အာရှရေငှက်စာရင်းကောက်ယူခြင်းအစီအစဉ် ၂၀၁၉

by Fine MWD | News | January 9, 2019

ယခုအချိန်အခါသည် ဆောင်းခိုငှက်(ရေငှက်)များ ဒေသပြောင်းရွေ့ကျက်စားသောအချိန်ကာလဖြစ်ပါသည်။ ဆောင်ခိုငှက်များလာရောက်ကျက်စားရာနိုင်ငံများသည် ၎င်းဆောင်းခိုငှက်များနှင့် ဌာနေရေပျော်ငှက်များကို နှစ်စဉ်စာရင်းကောက်ယူကာ ရရှိသောအချက်အလက်များကို အပြည်ပြည်ဆိုင်ရာရေပျော်ငှက်များနှင့် ရေတိမ်ဒေသများကို ထိန်းသိမ်းသောအဖွဲ့ Wetlands International သို့ပေးပို၍ ရေငှက်များနှင့် ရေတိမ်ဒေသများ ထိန်းသိမ်းရေးလုပ်ငန်းများကို လုပ်ဆောင်နေကြပါသည်။ ကျွန်တော်တို့မြန်မာနိုင်သည် ၁၉၈၇ ခုနှစ်မှစတင်ကာ ဆောင်းတွင်းကာလဖြစ်သော နိုဝင်ဘာလမှ ဖေဖော်ဝါရီလတွင် ရေငှက်များစာရင်းကောက်ယူခြင်းကို အပြည်ပြည်ဆိုင်ရာအဖွဲ့စည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ယခုနှစ် ၂၀၁၉ တွင် အာရှရေငှက်စာရင်း ကောက်ယူခြင်းကို_
၆-၁-၂၀၁၉ (တနင်္ဂနွေနေ့) တွင် ပုလိပ်အင်းနှင့် ပျူကန် မန္တလေးတို့တွင်လည်းကောင်း_
၁၃-၁-၂၀၁၉ (တနင်္ဂနွေနေ့) တွင် အင်တော်ကြီအင်း နှင့် မိုးယွန်းကြီးအင်းတို့တွင်လည်းကောင်း စာရင်းကောက်ယူမည်ဖြစ်ပါသည်။

မိုးယွန်းကြီအင်း အစီအစဉ်တွင် မိုးယွန်းကြီးအင်းဘေးမဲ့တောဌာနနှင့် Bird & Nature Tours Myanmar (BNTM) တို့ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါသောကြောင့် စိတ်ဝင်စားသူမည်သူမဆို လာရောက်ပူးပေါင်းပါဝင်နိုင်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။

အချိန် ။ ။ နံနက် (၅) နာရီ
နေ့ရက် ။ ။ ၁၃-၁-၂၀၁၉ (တနင်္ဂနွေနေ့)
စုရပ် ။ ။ ကမာရွတ်၊လှည်တန်း နှင့် ၈ မိုင်လမ်းစုံ
ဆက်သွယ်ရန်။ ။09-426611962 - Bird & Nature Tours Myanmar (BNTM)
Ko Ye`(Birder) 09-250659383


Share to :