Bird and Nature Tours Myanmar

တတိယအကြိမ်မြောက်အာရှရေငှက်စာရင်း (စုပေါင်း)ကောက်ယူခြင်း (၂၀၁၉)

by Fine MWD | News | January 10, 2019

ပုလိပ်အင်းနှင့် ပြူကန်တို့တွင် တတိယအကြိမ်မြောက်အာရှရေငှက်စာရင်း (စုပေါင်း) ကောက်ယူခြင်းအား ၆.၁.၂၀၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ ရေငှက်စာရင်းကောက်ယူခြင်း အစီအစဉ်တွင် အခြားအဖွဲ့အစည်းများနှင့်အတူ Bird and Nature Tours Myanmar Company မှလည်း ပူးပေါင်းပါဝင်ခဲ့ပါသည်။
ငှက်စာရင်းကောက်ယူခြင်းအား အဖွဲ့များခွဲ၍ ပုလိပ်အင်းနှင့် ပြူကန်တို့တွင် မနက် (၈)နာရီမှ နေလည့် (၁)နာရီအတွင်း တပြိုက်တည်း ဆောင်ရွက်ခဲ့ကြပါသည်။ ပျူကန်တွင် ရေငှက်မျိုးစိတ် (၂၉)မျိုးအပါအ၀င် ငှက်မျိုးစိတ်စုစုပေါင်း (၆၀) ကျော်နှင့် ပုလိပ်အင်းတွင် ရေငှက်မျိုးစိတ် (၄၂)မျိုးအပါအဝင် ငှက်မျိုးစိတ်စုစုပေါင်း (၇၉ )မျိုး အားမှတ်တမ်းတင်ခဲ့ပါသည်။ ကောက်ယူရရှိသောစာရင်းများအား Wetlands International သို့ပေးပို့သွားပါမည်ဖြစ်ပါသည်။
ပုလိပ်အင်းနှင့် ပြူကန်တို့တွင် အာရှရေငှက်စာရင်း(စုပေါင်း)ကောက်ယူခြင်းအစီအစဉ်အား မန္တလေးတက္ကသိုလ် သတ္တဗေဒဌာနမှ ဆရာ/မများ၊ Mandalay in Bloom Travel Agency နှင့် Biodiversity and Nature Conservation Association (BANCA) တို့မှ ပူးပေါင်းစီစဉ်ခဲ့ပါသည်။

Post from Asian Water Bird Cencus Myanmar

 


Share to :