Bird and Nature Tours Myanmar

ဇန်နဝါရီလ ၁၃ ရက်နေ့တွင် မိုးယွန်းကြီးအင်း၌ စုပေါင်းငှက်ကြည့်ခြင်း

by Bird and Nature | News | January 14, 2019

အာရှရေငှက်စာရင်းစုပေါင်းကောက်ယူခြင်းအစီအစဉ်

မိုးယွန်းကြီးအင်း၌ အာရှရေငှက်စာရင်း(စုပေါင်း)ကောက်ယူခြင်းအစီအစဉ်ကို ၁၃.၁.၂၀၁၉ရက်နေ့ တွင်ပြုလုပ်ခဲ့ သည်။ မိုးယွန်းကြီးအင်း အာရှရေငှက်စာရင်းကောက်ယူမှုအစီအစဉ်ကို Bird & Nature Tours Myanmar မှတာဝန်ရှိသူများ၊ မိုးယွန်းကြီးအင်းဘေးမဲ့တောမှ အဖွဲဝင်များ ၊သစ်တောဦးစီးဌာန၊ ရန်ကုန်တက္ကသိုလ် သတ္တဗေဒဌာနမှ ဆရာမနှင့် ကျောင်းသူကျောင်းသားများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းများ၊ ခရီးသွားလုပ်ငန်းမှ ငှက်ကြည့်ပညာရှင်များနှင့် ဝါသနာရှင်များ၊ ခရီးသွားဧည့်လမ်းညွှန်များ စသည့် အဖွဲ့ဝင်စုစုပေါင်း ၃၃ ဦးပါဝင်ကာ အဖွဲ့ (၄ဖွဲ့) ခွဲ၍ နံနက် ၈နာရီမှ နေ့လည် ၃နာရီခွဲအထိ စာရင်းကောက်ယူခဲ့သည်။

ရေငှက်မျိုးစိတ် (၃၈မျိုး) နှင့် အခြားမျိုးစိတ် ၄၉မျိုး အပါအဝင် စုစုပေါင်း ၈၇မျိုးကောက်ယူနိုင်ခဲ့ပါသည်။ ငှက်အရေအတွက်စုစုပေါင်း (၁၁၂၈၀ ကောင်) အားစာရင်းပြုစုခဲ့ကြသည်။

#Asia_Waterbird_Census_2019


Share to :